About Us

Welcome to our community where every child feels safe, loved, respected, and encouraged to develop a curiosity for learning. We strive to nurture our students' interests and foster a lifelong love of learning. Our journey began in 2017 as Star English and Maths Education Centre, and in 2023, we proudly expanded to become Star Private High School.

ကျွန်မတို့ရဲ့ကျောင်းဟာ ကလေးတိုင်းအတွက် လုံခြုံမှု၊လေးစားမှုနဲ့ မေတ္တာတရားတွေကို မျှဝေခံစားနိုင်တဲ့ လူ့အသိုင်းအဝိုင်းလေးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ဆရာ၊ဆရာမ တွေဟာ ကလေးတိုင်းရဲ့စူးစမ်းလေ့လာလိုစိတ်ကို ဖွံ့ဖြိုးလာအောင် အားပေးကြတယ်။ သူတို့ရဲ့ ဝါသနာပါရာတွေကို ကူညီပြီး ရှာဖွေပေးကြတယ်။ ပြီးတော့ ကလေးတွေရဲ့ သင်ယူလိုတဲ့စိတ်ဆန္ဒမြင့်မားလာအောင် သင်ကြားပေးကြပါတယ်။

Our Mission

The Mission of STAR Private High School is -To foster our students' love of learning, sense of well-being, and acquisition of life skills -To empower our students generating practical and theoretical knowledge to better understand our world and improve conditions for local and global communities in the 21st Century -To prepare our students to become compassionate global citizens and leaders of tomorrow.

ကျွန်တော်တို့ရဲ့ တာဝန်


-ကျောင်းသူကျောင်းသားများအား သင်ယူလိုစိတ်၊ စိတ်စေတနာကောင်းနဲ့ ဘဝရပ်တည်နိုင်စွမ်းတွေကို မြှင့်တင်ပေးဖို့
-ကျောင်းသူကျောင်းသားများအား ကျွန်တော်တို့နေထိုင်ရာ လောတကြီးကို ပိုမိုနားလည်သဘောပေါက်လာစေဖို့ လက်တွေ့အားဖြင့်သီဝရီအားဖြင့်အသိပညာရပ်များပေးပြီး၊ ၂၁ ရာစုမှာ နိုင်ငံတွင်းသာမက ကမ္ဘာ့လူ့ အဖွဲ့အစည်းရဲ့ တိုးတက်ဖွံ့ ဖြိုးရေးမှာ ဝင်ဆန့်လာနိုင်အောင် တိုက်တွန်းအားပေးဖို့
-ကျောင်းသူကျောင်းသားများအား စာနာစိတ်ကြီးစားတဲ့ ကမ္ဘာသူကမ္ဘာသားတွေသာမက အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းများဖြစ်လာအောင် ပျိုးထောင်ဖို့ဆိုတာကို….....

ကျွန်တော်တို့ STAR ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့တာဝန်တစ်ရပ်လို့ မှတ်ယူပါတယ်။

Our Vision

Our vision is
-To create an environment for students and teachers where we foster a passion for lifelong learning, positive attitude, self-esteem, and healthy relationships with family and friends.
-To become one of the best schools in Mandalay, where we prepare our students to attain the best academic achievements and guide them to choose the right path for their higher education or professional career.
-To equip our students with the necessary knowledge and skills by embracing innovation and emerging technologies of the 21st century.



ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်


> ကျောင်းသူကျောင်းသားများနဲ့ ဆရာများအတွက် ဘဝတသက်တာလေ့လာသင်ယူလိုစိတ်၊ မွန်မြတ်သည့်စိတ်နေစိတ်ထား၊ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်နဲ့ မိသားစု၊ မိတ်ဆွေများနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို မြှင့်တင်ပျိုးထောင်ပေးမယ့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးဖို့၊
> ကျောင်းသူကျောင်းသားများ အကောင်းဆုံး ပညာရေးပြီးမြောက်အောင်မြင်မှုတွေကို ရရှိအောင်ဆောင်ရွက်ပေးတုံအသက်မွေးလာကျောင်းဆိုင်ရာ သို့မဟုတ် ရွေးချယ်နိုင်ဖို့အတွက် လမ်းညွှန်ပြသပြင်ဆင်ပေးတဲ့ မန္တလေးမြို့ ရဲ့ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်လာဖို့၊
> ကျောင်းသူကျောင်းသားများအား ၂၁ ရာစုရဲ့ပေါ်ပေါက်လာတဲ့နည်းပညာတွေနဲ့ တီထွင်ဖန်တီးပူတွေကို ထိတွေ့ရယူပေးခြင်းအားဖြင့် လိုအပ်တဲ့ အသိပညာနဲ့ စွမ်းဆောင်ရည်တွေကို ပြင်ဆင်ထားရှိပေးဖို့ဆိုတာ.. ကျွန်တော်တို့ STAR ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ မျှော်မှန်းချက်ဖြစ်ပါသည်။

`

Our Programs

Academic Program
Our comprehensive academic program covers a wide range of subjects designed to meet the educational needs of our students and prepare them for future success. The program usually starts in the first week of June and ends in the third week of February, culminating with an award ceremony.

ပညာရေးအစီအစဉ်


ကျွန်တော်တို့၏ Academic Program ဟာဖြင့် အနာဂတ်တွင် ထွန်းလင်းတောက်ပ အောင်မြင်စေရန် ကလေးများရဲ့ Intellectual, Emotional, Social and Physical Development ပိုင်းကို အလေးထားပြုစုပျိုးထောင်ပေးပြီး အစိုးရသင်ရိုးနှင့် နိုင်ငံတကာသင်ရိုးများဖြင့် စနစ်တကျသင်ကြားပေးတာပဲဖြစ်ပါတယ်။ ထို Program ဟာပြင် ဇွန်လပထမအပတ်မှစတင်ပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျောင်းစုံညီပွဲ( Award Ceremony)ဖြင့် ပြီးဆုံးလေ့ရှိပါသည်။

Our academic program is also designed to offer a comprehensive education that integrates both local and international curricula. It includes:

- Government Curriculum: Covering essential subjects like Myanmar and Social Studies to ensure students are well-versed in national history and culture.

- International Curriculum: Focused on global standards, this curriculum includes English, Cambridge Exam Preparation, Maths, Olympiad Maths Preparation, and Science, providing students with the skills and knowledge needed to excel in a global context.

ဒါ့အပြင် STAR ၏ပညာရေးအစီအစဉ်ဟာ အစိုးရသင်ရိုးနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်း နှစ်ခုစလုံးကို ပေါင်းစပ်ထားပြီး ကျောင်းသား/သူများ နိုင်ငံတကာနှင့် ရင်ဘောင်တန်းယှဉ်ရပ်နိုင်အောင် စနစ်တကျ ပြုလုပ်ထားသော သင်ရိုးများပါဝင်ပါတယ်။ ထိုသင်ရိုးများတွင်

-အစိုးရသင်ရိုးညွှန်းတမ်း: ကျောင်းသားများ နိုင်ငံ့သမိုင်းနှင့်ယဉ်ကျေးမှုများအား သိရှိနားလည်စေရန်နှင့် လိမ္မာရေးခြားရှိစေရန် မြန်မာဘာသာ နှင့်လူမှုရေးဘာသာ ကဲ့သို့သော မရှိမဖြစ်ဘာသာရပ်များ

-နိုင်ငံတကာသင်ရိုးညွှန်းတမ်း: နိုင်ငံတကာစာမေးပွဲများတွင်အခြေခံကောင်းစွာရရှိနိုင်စေရန် အင်္ဂလိပ်ဘာသာ၊ Cambridge စာမေးပွဲသင်ရိုးများ၊င်္သချာဘာသာ၊ အိုလံပစ်သင်္ချာ နှင့်သိပ္ပံဘာသာ တို့ပါဝင်ပါသည်။


Weekend Classes

Our weekend classes, running from the third week of June to the third week of February, provide additional support and enrichment opportunities for students who wish to further their learning in English, Maths, Science, and ICT.

Star ရဲ့ စနေ၊တနင်္ဂနွေသင်တန်းတွေကတော့ ဇွန်လကုန်လောက်တွင် စတင်ဖွင့်လှစ်ပြီး ဖေဖော်ဝါရီလ၏ သုံးပတ်မြောက်မှာ ပြီးဆုံးလေ့ရှိပါသည်။ ကျောင်းသား၊ ကျောင်းသူများ စနေ တနင်္ဂနွေ ပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အင်္ဂလိပ်၊သင်္ချာ၊သိပ္ပံနှင့် ICT ဘာသာရပ်များတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။


Summer Program

Our engaging summer program starts in the second week of March and ends in the third week of May. It offers academic enrichment classes and a variety of activities, including creative workshops, sports camps, and clubs such as Dance, Art, Reading, Drama, and Chess.

ကျွန်တော်တို့ရဲ့နွေရာသီသင်တန်းဟာ ပုံမှန်အားဖြင့် မတ်လဒုတိယပတ်ကနေစတင်ပြီး မေလတတိယပတ်မှာပြီးဆုံးလေ့ရှိပါတယ်။ နွေရာသီသင်တန်းများမှာ သင်ရိုးညွှန်းတန်းဆိုင်ရာများကို စာတွေ့လက်တွေ့အပြင် သိပ္ပံဆိုင်ရာ ပရောဂျက်များ ၊ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ၊ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ အားကစားနည်းများ စသဖြင့် ဥပမာ (အက ကလပ်၊ ပန်းချီ ကလပ်၊ စာဖတ် ကလပ်၊ ပြဇာတ် ကလပ် နှင့် စစ်တုရင် ကလပ်များ) ပါဝင်ပါသည်။


Pre-IGCSE Program

Our pre-IGCSE program prepares students with the foundational knowledge and skills necessary for success in the IGCSE curriculum. We focus on core subjects such as English, Mathematics, and Science, ensuring students are well-prepared for advanced studies.

STAR ၏ Pre IGCSE program ဟာဖြင့် နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ IGCSE ကိုစနစ်တကျ လေ့လာ၍ ဝင်ရောက်ဖြေဆိုလိုသူများအတွက် အခြေခံမှစတင်သင်ကြားပေးနေသော Program ပဲဖြစ်ပါသည်။ Pre IGCSE အနေဖြင့် အဓိက သင်ကြားပြသပေးတဲ့ အပိုင်းများကတော့ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ (ဇီဝ၊ဓါတု၊ ရူပ) တို့ပဲဖြစ်ပါတယ်။


IGCSE Program

Our IGCSE program offers a rigorous curriculum that equips students with internationally recognized qualifications. We provide a wide range of subject choices and personalized guidance to help students excel.

ကျွန်တော်တို့ရဲ့ IGCSE အစီအစဉ်ဟာကျောင်းသားတွေကို နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အရည်အချင်းများ ရရှိစေရန် ပြင်ဆင်ပေးတဲ့ သင်ရိုးညွှန်းတမ်းများကို အဓိကသင်ကြားပြသပေးပါတယ်။ IGCSE အား လွယ်လွယ်ကူကူဖြေဆိုနိုင်၊ထူးချွန်နိုင်ရန်အတွက် ကျောင်းသား/သူ များအား Pearson Edxcel IGCSE Curriculum ဖြင့် စနစ်တကျသင်ကြားပြသပေးပါသည်။


Guide Class

Our guide class offers personalized tutoring and mentorship to help students achieve their academic goals. These sessions take place from 4:00 PM to 5:30 PM on school days.

Star ၏ Study Guide တန်း တွင်မူ အစိုးရကျောင်းများ ကိုယ်ပိုင်ကျောင်းများ မည်သည့် international ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၏ homework များ project များကို အတူတကွ ပြီးမြောက်အောင် သင်ကြားဆောင်ရွက်ပေးပါသည်။ ထိုအတန်းများဟာတော့ ကျောင်းဖွင့်ရက် 4:00 မှ 5:30 ထိပဲဖြစ်ပါသည်။


Events

We host a variety of events throughout the year that bring our community together and celebrate our students' achievements. Key events include:

STAR Private High School မှာဖြင့် ကျောင်းသား၊မိဘ နှင့် ဆရာများအားလုံးပေါင်းစည်းပြီး ပိုမိုစည်းလုံးအောင်မြင်တဲ့ ကျောင်းတစ်ခုဖြစ်လာစေရန် နှင့် ကျောင်းသားများ၏ စွမ်းဆောင်ရည်နှင့်အောင်မြင်မှုများကို ဂုဏ်ပြုပေးနိုင်ရန် ရည်ရွယ်ပြီး တစ်နှစ်ပတ်လုံးမှာ သက်ဆိုင်ရာပွဲများကိုကျင်းပပေးပါတယ်။ ထိုပွဲများဟာဖြင့်-

-Open House and Charity Fundraising Event: Usually held in July, this event allows prospective students and their families to explore our campus, meet teachers, and participate in fundraising activities for charitable causes. Snacks are sold during the event to raise additional funds for charity.

Open House ပွဲတွင် မိဘများအနေဖြင့် ဆရာ/ဆရာမတို့၏စာသင်ကြားပုံ၊ စာသင်ခန်းဖွဲ့စည်းပုံများကို လာရောက်လေ့လာနိုင်ပါသည်။ ထို့အပြင် ကျောင်းသား/ကျောင်းသူများဟာ သူတို့ကိုယ်တိုင် အသင်းအဖွဲ့ဖြင့် ပြုလုပ်ထားသော မုန့်များကို ပရဟိတလုပ်ငန်းများအတွက် ရန်ပုံငွေရှာဖွေရန် အစားအစာများကိုလည်း Open House ပွဲသို့လာရောက်သောမိဘများနှင့် ဧည့်သည်များကိုလည်း ရောင်းချ ခင်းများရှိပါသေးသည်။ Open House နှင့် Charity Fundraising Event အားပုံမှန်အားဖြင့် ဇူလိုင်လတွင်ပြုလုပ်လေ့ရှိပါတယ်။

-Science Fair: Typically taking place in September, this fair showcases innovative projects and experiments by our students, highlighting their creativity and scientific inquiry.

စာသင်နှစ်၏ စက်တင်ဘာလတွင်ကျင်းပလေ့ရှိသော သိပ္ပံပြပွဲဟာ ကျောင်းသားများ၏ တီထွင်ဆန်းသစ် ဖန်တီးထားသော သိပ္ပံပရောဂျက်များကို ပြသတဲ့ပွဲတစ်ခုပဲ ဖြစ်ပါသည်။

-Teachers Appreciation Day: Held in October, this event is a special day dedicated to honoring and showing appreciation for our teachers' dedication and hard work.

မိမိတို့ကို အသိပညာ၊ အတတ်ပညာ သင်ကြားပေးသော ဆရာ၊ဆရာမများ၏ ကျေးဇူးကို အောက်မေ့သောအနေဖြင့် နှစ်တိုင်း အောက်တိုဘာလတွင် ပြုလုပ်သောပွဲ ဖြစ်ပါသည်။

-Competitions: In November, students compete in various categories such as Scrabble, Poster, Poem, Article, Chess, Spelling Bee, and Storytelling, fostering a spirit of healthy competition and creativity.

(ပိုစတာ၊ ကဗျာ၊ ဆောင်းပါး) ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ Spelling Bee ၊ ပုံပြင်ပြော ပြိုင်ပွဲ များကို ကျောင်းသား/သူများ ယှဉ်ပြိုင်လိုစိတ်တိုးတက်ရန်နှင့် တီထွင်စမ်းသစ်နိုင်စွမ်းမြင့်မားလာစေရန် ရည်ရွယ်၍ နိုဝင်ဘာလတွင် ထိုပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးပါသည်။

- Sports Day: December brings a fun-filled day of athletic competitions, teamwork, and school spirit, with students participating in various sports and games.

အများအားဖြင့် December လ နောက်ဆုံးအပတ်တွင် ပြုလုပ်လေ့ရှိသော အားကစားပွဲသည် ကျောင်းသား/သူများ၏ ကိုယ်လက်လှုပ်ရှား ကျန်းမာကြံ့ခိုင်စေရန် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တက်စေရန် ရည်ရွယ်ပြီး ပြုလုပ်သောပွဲဖြစ်ပါသည်။

- Awards Ceremony: Marking the end of the academic year, this prestigious event is held at the end of February or the start of March, where students are recognized for their achievements in academics, extracurricular activities, and house competitions.

ကျောင်းသူ/သားများ၏ နောက်ဆုံးစာမေးပွဲပြီးဆုံးသောလဖြစ်သည့် February လ နောက်ဆုံးပတ်တွင် ပြုလုပ်လေ့ရှိသော နှစ်ဆုံးဆုပေးပွဲဟာဖြင့် ကျောင်းသား/သူများ၏ တစ်နှစ်ပတ်လုံး ကြိုးစားအားထုတ်ပြီးရရှိခဲ့သော အောင်မြင်မှုများကို အသိအမှတိပြုသောအနေဖြင့် ချီးမြှင့်ပြုလုပ်သောပွဲဖြစ်ပါသည်။

Student Council and Houses

Student Council: The Student Council at STAR Private High School plays a crucial role in fostering leadership, school spirit, and community involvement. The council is responsible for organizing events, voicing student concerns, and promoting a positive school culture. The council members are elected by the student body and work together to enhance the overall student experience.

STAR ကိုယ်ပိုင်အထက်တန်းကျောင်းမှာရှိသော ကျောင်းသားကောင်စီအဖွဲ့အစည်းဟာဖြင့် ကျောင်း၏ အရေးကြီးသောအခန်းကဏ္ဍ တစ်ခုမှာပါဝင်ပါတယ်။ ကျောင်းသားကောင်စီဟာ ကျောင်းကိစ္စရပ်များတွင် ကျောင်းရှိ ကျောင်းသားများကို ကိုယ်စားပြုရန် ရွေးကောက်တင်မြှောက်ခံရသော ကျောင်းသားအုပ်စုပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ကျောင်းအုပ်ချုပ်ရေးကြားက ဆက်သွယ်မှုတစ်ခုအဖြစ်လုပ်ဆောင်ပြီး ကျောင်းသားတွေရဲ့စိတ်ကူးတွေနဲ့ပူပန်မှုတွေကို ဆွေးနွေးတိုင်ပင်ပြီး ကူညီပေးကြရသူများလည်းဖြစ်ပါသေးတယ်။

Houses

Students at STAR Private High School are divided into four houses: Sirius, Targaryen, Alioth, and Revati. Each house has one leader and two co-leaders, with representatives from both Primary and Secondary classes. Throughout the academic year, students earn marks based on their academic performance, teamwork, and behavior. The house with the most marks is awarded the House Cup at the end of the year. The house system encourages camaraderie, healthy competition, and a sense of belonging among students.

STAR Private High School ၏ စိတ်ဝင်စားစရာအစီအစဉ်တစ်ခုဖြစ်တဲ့ Houses လေးခုဟာဖြင့် ကျောင်းသားများကို မျှတသောယှဉ်ပြိုင်မှု၊ စည်းကမ်းလိုက်နာမှုတို့နှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းရည်တိုးတက်ရန် ရည်ရွယ်ပြီးပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ House တစ်ခုစီဟာအရောင်တစ်ခုနဲ့ ကြယ်တာရာစုတွေရဲ့အမည်ကို ကိုယ်စားပြုထားခြင်းဖြစ်ပါတယ်။

Sirius(အဝါအသင်း)
Targaryen(အစိမ်းအသင်း)
Alioth(အပြာအသင်း)
Revati (အနီအသင်း)

House တစ်ခုချင်းစီတွင် ခေါင်းဆောင် 1 ယောက်နှင့် တွဲဖက်ခေါင်းဆောင်နှစ်ဦးရှိပြီး စာသင်နှစ်တစ်လျှောက်လုံးတွင် ကျောင်းသူ/သားတွေ၏ပညာရေးစွမ်းဆောင်ရည်၊ အသင်းအဖွဲ့နှင့်လုပ်ဆောင်နိုင်စွမ်း နှင့် စည်းကမ်းလိုက်နာမှု ကိုအခြေခံပြီးအမှတ်တွေရရှိကြပါတယ်။ ထို့နောက် စာသင်နှစ်ပြီးဆုံးသွားချိန်တွင် အမှတ်အများဆုံးရရှိထားသော House ဟာဖြင့် ကျောင်း Award Ceremony တွင် House Cup ရရှိမှာဖြစ်ပါသည်။

award ceremony

Why Choose Us?

Small Class Sizes: We maintain small class sizes to ensure individual attention and personalized learning experiences.
Experienced Teachers: Our teachers are highly qualified and dedicated to providing the best education possible.
Safe Environment: We prioritize the safety and well-being of our students, creating a secure and nurturing learning environment.
Supportive Peers: Our community fosters a supportive and inclusive atmosphere where students can thrive together.

ကျွန်တော်တို့ရဲ့ Star ကိုဘာကြောင့်ရွေးသင့်တာလဲ?

-ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှုကို သေချာအကဲခတ်နိုင်ရန် လူဦးရေအကန့်အသတ်ဖြင့်သာလက်ခံပြီး လေအေးပေးစက်တပ်ဆင်ထားသော စာသင်ခန်းများနှင့် လုံခြုံမှုရှိစေသော စာသင်ခန်းများ စီစဉ်ထားရှိပေးခြင်း
-သင်ကြားမှုနယ်ပယ်တွင် အတွေ့အကြုံများစွာရှိပြီးအရည်အချင်းပြည့်မီသော ဆရာ/ဆရာမများကိုသာ စာသင်ကြားစေခြင်း၊
-ကျောင်းရှိ ကျောင်းသား/သူ များ၏ လုံခြုံမှုကို ဦးစားပေးပြီးပြုစုပျိုးထောင်ပေးသောသင်ယူမှုပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်း
-ကျွန်တော်တို့၏ ကျောင်းအဖွဲ့အစည်းအရ စာနာထောက်ထားပြီး လူသားတိုင်းအပေါ်တွင် တူညီမှုရှိစွာဖြင့် ပေါင်းသင်းဆက်ဆံနိုင်ရန် အလေးပေးသင်ကြားပြသပေးခြင်း စသောဝန်ဆောင်မှုများပေးဆောင်လျက်ရှိပါသည်။

Photo

Principal's Message

" Welcome to STAR Private High School! Since our founding in 2017, STAR has grown steadily with a deep commitment to nurturing every child. At STAR, we believe that every child is special. We are proud to offer a caring, safe, and supportive environment where students can thrive academically, socially, and emotionally. With passionate teachers and a strong sense of community, we aim to raise responsible individuals who lead with empathy and confidence. We are excited for the future and grateful for the trust of every parent and student who joins our journey."

Tr. Aye Mya Kyaw Tun
Principal, STAR Private High School

School Advisor's Message

" Journey of Growth and Purpose From the very beginning, STAR Private High School has stood for more than just education—we stand for care, vision, and progress. As School Advisor, I’ve watched our school grow with heart and determination since its early days in 2017. With a passionate team and strong leadership, STAR remains a place where students feel seen, supported, and inspired. I am proud to be part of this meaningful journey and excited for what’s ahead."

U Thein Zan
School Advisor, STAR Private High School

News

Stay updated with the latest news and announcements from our school. We share important updates, achievements, and highlights regularly. Follow us on our Facebook and TikTok pages for real-time news.

Facebook: STAR Private High School | STAR English & Maths Education Centre

Contact Us

We welcome any inquiries and are happy to assist with any questions you may have. Please feel free to reach out to us via phone, email, or visit our campus. Our office is open from 8:30 AM to 4:30 PM. for any visits or inquiries.

Phone: 09952227790, 09-971681581 | Email: info@star-phs.com

35B st, bet 80th & 81st streets, Maharaungmyay Township, Mandalay